√ 𝙏𝙈𝙄

- Chenle ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Shanghai မြို့မှာ မွေးဖွားခဲ့ပါတယ်။- Beijing Contemporary Music Schoolမှာ ပညာသင်ကြားခဲ့ပါတယ်။

- Chenleမှာ 13 နှစ်ကွာတဲ့ အစ်ကိုတစ်ယောက်ရှိပြီး အဒေါ်တွေအများကြီး ဝန်းရံပြီး အိမ်ရဲ့ အချစ်တော်လေး ဖြစ်ခဲ့တဲ့ Chenle က ပတ်ဝန်းကျင်ကောင်းတစ်ခုမှ ကြီးပြင်းခဲ့ပါတယ်။

- Chenle ကို ကိုယ်ဝန်လွယ်ဖို့ Zhong Papa က တိုက်တွန်းတဲ့အချိန်မှာ Chenle မားမားက အစက ငြင်းဆန်ခဲ့ပါတယ်တဲ့။ နောက်မှ အဒေါ်တွေက ကလေးမွေးရင် သူတို့ ဝိုင်းထိန်းပေးမယ်လို့ ပြောမှ Chenle ကို ယူဖြစ်ခဲ့တာပါလို့ပြောပါတယ်။ အဲ့ဒါကြောင့် အဒေါ်တွေရဲ့ အချစ်ခံ Chenle က ငယ်စဉ်ကတည်းက အဒေါ်တွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခံခဲ့ရတဲ့ ကောင်လေးပါ။ One night sleepover trip ဆိုတဲ့ အစီအစဥ်မှာ Chenleတို့မိသားစုရဲ့ အိမ်ကို သေချာမြင်နိုင်ပြီး သူတိူ့ မိသားစုကြားက bondလေးတွေကိုပါ မြင်နိုင်ပါတယ်💓

- Chenleက ငယ်ငယ်လေးကတည်းက စာတော်ပြီး မိဘစကားနားထောင်တဲ့ လိမ္မာတဲ့ ကလေးလေးတစ်ယောက်ပါ။- မူလတန်းကနေ အလယ်တန်းအထိ အတန်းခေါင်းဆောင်လုပ်ခဲ့တာပါ။ အတန်းခေါင်းဆောင်အပြင် ကျောင်းရဲ့ ကိုယ်စားပြုအနေနဲ့ တခြား activitiesတွေကိုပါ လုပ်ဖူးပါတယ်။ Chenleက ငယ်ငယ်ကတည်းက စာအရမ်းတော်ပြီး ကျောင်းရဲ့အတော်ဆုံး ကျောင်းသားစာရင်းထဲမှာ ပါခဲ့တာပါ။ ကျူရှင်လည်းမတက်တဲ့အပြင် ကျောင်းကအိမ်စာကိုပဲ ပုံမှန်လုပ်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။(210901 - Akdong Seoul)

- အလယ်တန်းပထမနှစ်တုန်းက ၁နာရီခွဲဖြေရမယ့် သင်္ချာစာမေးပွဲတစ်ခုမှာ ၁၀မိနစ်နဲ့အပြီးဖြေပြီး ပြန်လည်းမစစ်ပဲနဲ့ အိပ်လိုက်ပေမဲ့ အမှတ်ပြည့် 100ရခဲ့တာပါ။ Debutပြီးတော့ idolလုပ်ရင်းနဲ့ဖြေတဲ့စာမေးပွဲမှာလည်း အမှတ်ပြည့်ရခဲ့ပါတယ်။

- Chenleက NCT DREAM memberတွေနဲ့အတူ Dormမှာ မနေဘဲနဲ့ သပ်သပ်ခွဲနေတာပါ။ သပ်သပ် တစ်ယောက်တည်းခွဲနေတာမို့လို့ Zhong Mamaက တစ်လတစ်ခါ ၊ နှစ်လတစ်ခါလောက် အတူတူလာနေပေးပါတယ်။ တစ်ခါတရံဆိုရင် အဒေါ်ရောလာနေပေးတယ်လို့ပြောပါတယ်။- အခုတော့ Coronaနဲ့မို့လို့ အသွားအပြန်လုပ်ရတာရော Quarantineဝင်ရတာရောဆိုတော့ အချိန်တွေ အလဟဿဖြစ်တယ်ဆိုပြီး Zhong Mamaကို မလာခိုင်းပေမယ် Chenle ရဲ့မေမေက ရအောင်လာပြီး အတူတူလာနေပေးပါတယ်လို့ Akdong Seoulမှာပြောဖူးပါတယ်။

- Chenle ရဲ့ ဦးလေးက Korea မှာ "Tenpa" ဆိုတဲ့ MalaTang, MalaXianguo ဆိုင်ဖွင့်ထားပါတယ်။Cheongdam မှာတစ်ဆိုင် , Yongsan မှာတစ်ဆိုင် စုစုပေါင် ဆိုင်ခွဲ ၂ခုရှိပါတယ်။

- Chenleက အမှောင်ကြောက်ပါတယ်။ ညဘက်ဆိုရင်လည်း အိပ်ရင် tvဖွင့်ထားမှ အိပ်တတ်တဲ့သူပါ။ Akdong Seoulမှာ Radioလုပ်နေတုန်းကလည်း "အခုသာ မီးပိတ်လိုက်ရင် ကျွန်တော်ကြောက်ပြီး သေသွားနိုင်တယ်" ဆိုပြီး ပြောခဲ့အထိ သူအမှောင်ကို ကြောက်တာပါ။- ပင့်ကူ နဲ့ သရဲလည်းကြောက်တတ်ပါသေးတယ်။- Capricorn ♑ တွေကို သဘောကျတယ်လို့ Akdong Seoulမှာပြောဖူးပါတယ်။ Capricorn Friendတွေနဲ့ ဆက်ဆံရေးကောင်းလို့ပါတဲ့။- Chenleက အရမ်းယားတတ်ပါတယ်။ ထိတာနဲ့ကို ယားတတ်တာပါ။ အဲ့ဒါကြောင့် Dreamiesတွေကလည်း Chenleကို ကလိယားထိုးပြီး စလေ့ရှိပါတယ်။- Chenleက selcaသိပ်ရိုက်လေ့မရှိပါဘူး။ selcaတွေကို managerရိုက်ခိုင်းမှသာ ရိုက်ပြီးပို့ပေးတာများပါတယ်။ သူ့ဟာသူဆိုရင် သူ memberတွေကြားထဲမှာ အမှတ်တရကျန်စေချင်တဲ့ အခိုက်အတန့်တွေရယ် Daegalရယ် ကောင်းကင်ပုံတွေရယ်ပဲ ရိုက်ဖြစ်တယ်လို့ပြောပါတယ်။

- Chenle က အသားစားရတာထက် ဟင်းသီးဟင်းရွက်တွေကိုပိုကြိုက်ပါတယ်။ သူ့ဘေးနားကသူတွေကလည်း သူ့ကိုကြည့်ပြီး သူ့လောက် ဟင်းသီးဟင်းရွက်ကြိုက်တဲ့သူ မမြင်ဖူးဘူးလို့ ပြောပါတယ်တဲ့။ Bubbleမှာ သူအိမ်မှာပဲ ချက်စားလို့ ပုံပို့ဖြစ်ရင်လည်း ဟင်းသီးဟင်းရွက်ပုံတွေက များပါတယ်။

- Chenle ရဲ့အကြိုက်ဆုံး Korean Food က Kimchi Jjigae ပါ။- Mint Chocolate ကို ကြိုက်လည်းမကြိုက်သလို မုန်းလည်းမမုန်းပါဘူး။ ဘာခံစားချက်မှမရှိပါဘူးလို့ပြောပါတယ်။- ဖရဲသီးမကြိုက်ပါဘူး။- ငယ်ငယ်လေးကတည်းက pianoတီးတတ်ပြီး ကျွမ်းကျင်ပါတယ်။ The Dream Showမှာလည်း We Boom albumထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Best Friendကို Pianoတီးပြီး ဖျော်ဖြေခဲ့ဖူးပါတယ်။

- Chenleက ငယ်ငယ်ကတည်းက Range shootingလုပ်ရတာကို ဝါသနာပါပါတယ်။ ChenJi's This and That Shanghai Episodeမှာလည်း Jisungieနဲ့ အတူတူ သေနတ်ပစ်ခဲ့ကြပါသေးတယ်။

- Kun geနဲ့ 2022 Janမှာ အားလပ်ရက်ရပြီး Jeju doကို ခရီးသွားခဲ့ကြပါတယ်။ သုံးရက်တာ ခရီးစဉ်အတွက် Chenleက အကုန်ပြင်ဆင်ခဲ့တာပါ။ Range Shooting , Paragliding စတာတွေအပြင် တခြားပျော်စရာကောင်းတာတွေလည်း အများကြီး လုပ်ခဲ့ပါသေးတယ်။ Bubbleမှာ Jeju do tripအကြောင်း ပို့သွားတာလေးကို linkထဲမှာ ကြည့်လို့ရပါတယ်။

- Chenleက Spoilရတာကြိုက်လေ့ရှိပြီး Chenle ပေးတဲ့ Spoilerအားလုံးပေါင်းလိုက်ရင် သီချင်းတစ်ပုဒ်တောင် ဖြစ်တယ်လို့ တခြားmemberတွေက ပြောရလောက်တဲ့အထိကို Spoilတာပါㅋㅋㅋ
- Spoilerလုပ်ရတာက ပျော်စရာမကောင်းပေမယ့် Spoilလိုက်တဲ့အချိန် ဘေးက staffတွေ managerတွေ memberတွေရဲ့ reactionကိုမြင်ရတာက ပျော်စရာကောင်းတာလို့ Hello Futureမတိုင်ခင် Jenoနဲ့ နှစ်ယောက်တည်း လုပ်တဲ့ vliveမှာ ပြောဖူးပါတယ်🤣❤️

- Bubbleမှာလည်း spoilerအကြောင်းပြောဖြစ်ရင် ဘေးက လူတွေရဲ့ reactionကို သဘောကျလို့ ပျော်စရာကောင်းတယ်ဆိုတာ အမြဲပြောတာပါㅋㅋㅋ

- 2016 ကနေစပြီး အခုချိန်ထိ တစ်ခါမှ မငိုဖူးပါဘူးလို့ ပြောပါတယ်။ ဝမ်းနည်းဖို့ကောင်းတဲ့ ရုပ်ရှင်ကြည့်ရင်လည်း မငိုတတ်လို့ သူငိုအောင် Kun Ge နဲ့ Mark Hyung က touched ဖြစ်ရတဲ့ ရုပ်ရှင်တွေ ပြလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါမှ မငိုဖူးပါဘူး။ Chenle က ဝမ်းနည်းဖို့ကောင်းတဲ့ စိတ်မကောင်းစရာကိစ္စတွေ ကြုံလာပေမယ့်လည်း မငိုရတဲ့အကြောင်းအရင်းက အဲ့ဒီ့အဖြစ်အပျက်ကို လက်ခံပြီး အသိအမှတ်ပြုနိုင်လို့ပါတဲ့။ သူတစ်ခါလောက် ငိုဖူးချင်ပြီး မျက်ရည်ကျတာနဲ့ fanတွေကို ချက်ချင်းအသိပေးပါမယ်လို့လည်းပြောဖူးပါတယ်။- NCT DREAMရဲ့ King Head Team (Wangmoriz Team - 왕머리즈팀)ထဲမှာ Chenleက Wangmori 1ပါ။ Jisungieက Wangmori 2ဖြစ်ပြီး Mark hyungက Wangmori 3ပါ။

- As Chenle Wishesဆိုပြီး King Head Team contentလေးတစ်ခုလည်းရှိခဲ့ပါတယ်။

• As Chenle Wishes •

- Seventeen အဖွဲ့ရဲ့ Member တွေဖြစ်တဲ့ Minghao(The8) , Junhui(Jun) ၊ Stray kids Member Felix တို့နဲ့ ခင်ပါတယ်။ The8 , Junတို့နဲ့ အမြဲလိုလို အပြင်အတူတူလျှောက်သွားလေ့ရှိပြီး NCT memberမဟုတ်တဲ့ အပြင်လူတွေထဲမှာ The8 နဲ့ Junကို အခင်ဆုံးပါလို့ ပြောဖူးပါတယ်။


Carrd by NCT Chenle Myanmar